လီကာရှင်း ဆိုတာ ဟောင်ကောင်ရဲ့ အိမ်ခြံမြေ ဘီလျံနာသူဌေး တစ်ယောက်ဆိုတာတော့ သိတဲ့သူများပါတယ် သူဘာလို့ ချမ်းသာလာလဲ စစ်ပြေးဒုက္ခသည် တစ်ယောက် /သူ့အဖေဆုံးတော့ သဂြိုဟ်ဖို့ ပိုက်ဆံမရှိလို့ ဆေးရုံကပဲ သူ့အဖေအလောင်းကိုအဝတ်ဟောင်းနဲ့ပတ်ပြီး သဂြိုဟ် ပေးလိုက်ရတယ် လီကာရှင်း ရဲ့ အမှောင်ဆုံး အချိန်တွေပေါ့ အဲ့အချိန် အနာဂတ် ဟောင်ကောင်အိမ်ခြံမြေသူဌေး အသက်၁၅နှစ်ပေါ့
သူစိတ်ဓါတ်ကျလား No ပါ အလုပ်ပိုကြိုးစားတယ် လီကားရှင်းက တစ်နေ့ကို၁၆နာရီ အလုပ်လုပ်တယ် Woo ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ မြင့်မားတဲ့ အတွေးအခေါ်တွေ သူ့ရဲ့နာမည်ကျော် ကတိသစ္စာ တရားတွေကြောင့် လီကာရှင်း ချမ်းသာလာတယ်
ဘာတွေလဲ သူက သူများတွေထက် ပိုမြင်တယ် ပီးတော့ စီးပွားရေးကို ရင်းရဲတယ် ထက်တယ် ဒီအချက်တွေ တရုတ်ပြည်မှာ ၁၉၆၀ မှာ မော်စီတုန်းရဲ့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်ခဲ့တယ် သိတဲ့အတိုင်းပဲ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီး စာပေ/ယဉ်ကျေးမှု/ပီးတော့ ပညာတတ်တွေ/သူဌေး/မြေပိုင်ရှင်တွေကို ဖမ်းဆီး ထောင်ချ ဒီလိုတွေလုပ်တဲ့အချိန်ကာလ
ဒီဂယက်ဟာ ဟောင်ကောင်ကျွန်း ကိုပါရိုက်ခတ်လာတယ် မော်မော်ရဲ့ တပ်နီတော်တွေ ဟောင်ကောင်ကျွန်းကို နေ့လား ညလား သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေလဲ ပြန့်ပေါ့ဗျာနော့အဲ့ဒီလို သတင်းတွေ ကျယ်ပြန်လာလေ ဟောင်ကောင်ကျွန်းက သူဌေး/ကုန်သည်တွေဟာ 😁မော်စီတုန်းကို ကြောက်ပီး တစ်ခြားနိုင်ငံကို ထွက်ပြေးကုန်တယ်
ပီးတော့ ထွက်မပြေးခင် သူတို့ရဲ့ စက်ရုံတွေ/ကုန်တိုက်တွေ/ဟိုတယ်ကြီးတွေ/ခြံဝင်ကျယ်ကြီးနဲ့ ဇိမ်ခံစံအိမ်ကြီးတွေ ဒါတွေကို အဆမတန်လျော့စျေးတွေနဲ့ ရောင်းပီး လစ်ကုန်တယ် မလစ်လို့လဲမရဘူးလေ တော်ကြာ မော်မော် ရဲ့ လက်ထဲရောက်ရင် လယ်ထွန်ရင်ထွန် မထွန်ရင် ထောင်ချခံနေရမှာလေ
ထားပါတော့ အဲ့လို့ ဟောင်ကောင်မြို့ ပျက်လုမတတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက် လီကာရှင်း ဘာလုပ်တယ်ထင်လဲ အဲ့လိုမတန်တဆစျေးကျနေတဲ့ အိမ်ခြံမြေအဆောက်အဦးတွေထဲက နေရာအကောင်းဆုံး နဲ့ စျေးအနည်းဆုံးတွေကို စိတ်ကြိုက်ရွေးပြီး အများကြီး ဝယ်ထားလိုက်တယ်
ပီးတော့ ဇာတ်လမ်းက သူမှန်းထားသလို ဟောင်ကောင်မြို့ရဲ့ အခြေအနေဟာ တည်ငြိမ်လာတယ် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လူပ်ရှား သက်ဝင်လာတော့ 😉ပြည်ပြေး သူဌေးတွေ ဟောင်ကောင်ကို ပြန်လာပီ လာတော့ မြေနေရာ စက်ရုံ အဆောက်အဦးတွေလိုပီလေ အဲ့မှာစတွေ့တာပဲ လီကာရှင်းနဲ့ စောစောက ပြောသလို ဟောင်ကောင်ပျက်ခါနီး အချိန်မှာ သူက မြေအမြောက်အများဝယ်ထားတော့ ဟောင်ကောင်ရဲ့စျေးကွက်ကို ချုပ်ကိုင်ထားနိုင်သူတစ်ယောက်ဖြစ်နေပီလေ လာထားအာဘွားပေါ့ စျေးကြီးကြီးနဲ့ ဆော်ပီ မဝယ်လဲမရ မြေစျေးကလဲ အဓိကနေရာတွေ လီကာရှင်းက ချုပိကိုင်ထားတော့ သူပြောတဲ့ စျေးနဲ့ဝယ်ရတာပေါ့
လှလိုက်တဲ့အတွေးအခေါ် ကြောက်စရာကြီး မြေစျေးတွေကျနေတယ်/ဝယ်သူမရှိဘူး အဲ့အချိန် သူက သူစိတ်ကြိုက်အကွက်တွေကို အနဲဆုံးစျေး အကောင်းဆုံးနေရာတွေ ပုံအောပီး သူဝယ်နိုင်သလောက်အကုန်ဝယ်တယ်
ဟောင်ကောင်မြို့ အခြေအနေပြန်ကောင်းလာတော့ game over ပေါ့ကွာနော့😃
Sai Li
Banmauk
No comments:
Post a Comment