စော်ဘွားလေး(1)

စော်ဘွားလေးရဲ့အိမ်ခြံမြေရောင်းဝယ်ရေးwebsiteကိုလာလည်သူများအားလုံးရွှင်လန်းချမ်းမြေ့ပါစေဗျ

Friday, January 17, 2020

ဗန်းမောက်မြို့ ပုစွန်တောင်ရပ်ကွက်ထဲက အုတ်နံကပ်နှစ်ထပ်တိုက် ရောင်းပါမယ်ခင်မျ

🙏မင်္ဂလာပါခင်မျ🙏

 ဒီတစ်ခါတော့ တစ်မှုထူးခြား ကျွန်တော်တို့
ဗန်းမောက်မြို့ကြီးရဲ့ မိန်းလမ်း ဗိုလ်ချုပ်လမ်း နဲ့မဝေး အနီးအနား ပုစွန်တောင် ရပ်ကွက်ထဲက
နှစ်ထပ်အိမ်လေး ရောင်းချင်ပါတယ်ဗျာ

♦️အကျယ်အဝန်း
ပေ 60/70  အုတ်နံကပ် နှစ်ထပ်အိမ်

♦️ရေမီးအစုံ ခရီးဆောင်အိတ်တစ်လုံး နဲ့ တစ်ခါထဲ တက်နေလို့ရပီနော်

♦️ပိုင်ဆိုင်မှု - ပုံစံ( ၁၀၅/၁၀၆ )

♦️စျေးနူန်း - (သိန်း750 ) အလျော့အတင်း

♦️အချက်အလက်အပြည့်အစုံ cb/ph

🤙ဆက်သွယ်ရန်
📱092212059
📱0943031810
📱09457000700
📱09767000200
📱09684000500
#saili

Thursday, January 16, 2020

ခမိုးယာဉ်ရပ်နားစခန်း နဲ့ လမ်းပဲခြားတဲ့ မျက်နှာဖွင့် ပေ ၅၀၀ ကျော်ရှိတဲ့ ဇာတ်လိုက်ကျော်ကြီး ဖြစ်ပါတယ် ခင်မျ

🙏မင်္ဂလာပါခင်မျ🙏

♦️ဒီတစ်ခါတော့ ဒိတ်ဒိတ်ကျဲ ကျွန်တော်တို့ရဲ့ အကွက်တွေထဲက ဇာတ်လိုက်ဖြစ်ပါတယ်ခင်မျ
Hotelဆောက်ချင်တယ် လူ24နာရီ လူစည် ခမိုးကားကွင်နားရချင်တယ် စျေးလဲပေါ့မယ် အကွက်ကျယ်တာလဲ ရချင်တယ် မြေနေရာက ရောင်းတဲ့အကွက်မရှိဘူး ပေ200အကွက်မရှိတော့ဘူးတဲ့ Noပါ ရှိတယ် ကျွန်တော်နဲ့ မတွေ့တေးလို့ မှတ်ပါ ဆြာတို့
Hotel/တည်းခိုဆောင်ဆောက် အကုန်ဖြစ်တယ်  စောက်ရမ်းဒေ ပိုက်ဆံရမဲ့ နေရာကြီးပေါ့

♦️ခမိုးယာဉ်ရပ်နားကွင်းနဲ့ နီးလား မမေးနဲ့ နီးတယ်ဗျ လမ်းပဲခြားတယ် ခမိုးကားကွင်းက လေလယ်ရင်တောင် ကျွန်တော်တို့ အကွက်က ကြားရတယ်😁

♦️အကျယ်အဝန်း  ➖ မျက်နှာဖွင့် ပေ500 ကျော်တယ် ဆြာရေ

♦️ပိုင်ဆိုင်မှု့     ➖ပုံစံ (၇) ရပီး

♦️စျေးနူန်း   ➖ သိန်း၅၀၀ တစ်ပြားမှမလျော့ပါဘူးဗျ

🤙ဆက်သွယ်ရန်
📱092212059
📱0943031810
📱09457000700
📱09767000200
📱09684000500

#saili




ချစ်သော ပါမနီ


    မင်္ဂလာပါဗျ
    စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့
အနီးတစ်ဝိုက် မှာ စျေးလဲပေါ့မယ် နေရာကျယ်ပီး ဇလုံတောင်သွားတဲ့လမ်းဘေူနားလဲ ရချင်တယ် စီးပွားရေးစျေးကွက်အနေအထားအရလဲ မဟာဗျူဟာ လဲကျတဲ့နေရာ လိုချင်ရင်တော့
အခုအကွက်လေးရှိတယ်နော် ဆြာတို့
✌️တည်နေရာ✌️
🚘ဗန်းမောက်မြို့နဲ့(၅)မိုင်အကွာ မှာ တည်ရှိတဲ့
တောင်ခြေစခန်းနေရာလေးဖြစ်ပါတယ်
C.B.Tလူထုအခြေပြုခရီးသွားလုပ်ငန်း နှင့်မျက်နှာချင်းဆိုင် ပီးတော့ ဆင်စခန်းနဲ့လဲ နီးတယ်နော် ဆြာတို့
အကွက်တည်နေရပြ google map link 👌
https://maps.app.goo.gl/MdPFWLVym3E8keSV8
"အကျယ်အဝန်း"
🖍️မျက်နှာဖွင့်ပေ 1200
ရှိပါတယ် အခု ပေ(300) ခွဲပီး ရောင်းပါမယ်
🖍️ပိုင်ဆိုင်မှု့  🌱 ပုံစံ(၁၀၅/၁၀၆)
👌သိန်း450 အလျော့အတင်း
ဆက်သွယ်ရန်🤙
📱092212059
📱0943031810
📱09457000700
📱09767000200
📱09684000500
#sailib13

လီကာရှင်း😍

      လီကာရှင်း ဆိုတာ ဟောင်ကောင်ရဲ့ အိမ်ခြံမြေ ဘီလျံနာသူဌေး တစ်ယောက်ဆိုတာတော့ သိတဲ့သူများပါတယ် သူဘာလို့ ချမ်းသာလာလဲ  စစ်ပြေးဒုက္ခသည် တစ်ယောက် /သူ့အဖေဆုံးတော့ သဂြိုဟ်ဖို့ ပိုက်ဆံမရှိလို့ ဆေးရုံကပဲ သူ့အဖေအလောင်းကိုအဝတ်ဟောင်းနဲ့ပတ်ပြီး သဂြိုဟ် ပေးလိုက်ရတယ် လီကာရှင်း ရဲ့ အမှောင်ဆုံး အချိန်တွေပေါ့ အဲ့အချိန် အနာဂတ် ဟောင်ကောင်အိမ်ခြံမြေသူဌေး  အသက်၁၅နှစ်ပေါ့
     သူစိတ်ဓါတ်ကျလား  No ပါ အလုပ်ပိုကြိုးစားတယ် လီကားရှင်းက တစ်နေ့ကို၁၆နာရီ အလုပ်လုပ်တယ် Woo ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ မြင့်မားတဲ့ အတွေးအခေါ်တွေ သူ့ရဲ့နာမည်ကျော် ကတိသစ္စာ တရားတွေကြောင့် လီကာရှင်း ချမ်းသာလာတယ်
       ဘာတွေလဲ သူက သူများတွေထက် ပိုမြင်တယ် ပီးတော့ စီးပွားရေးကို ရင်းရဲတယ် ထက်တယ် ဒီအချက်တွေ    တရုတ်ပြည်မှာ ၁၉၆၀ မှာ မော်စီတုန်းရဲ့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်ခဲ့တယ် သိတဲ့အတိုင်းပဲ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီး စာပေ/ယဉ်ကျေးမှု/ပီးတော့ ပညာတတ်တွေ/သူဌေး/မြေပိုင်ရှင်တွေကို ဖမ်းဆီး ထောင်ချ ဒီလိုတွေလုပ်တဲ့အချိန်ကာလ
         ဒီဂယက်ဟာ ဟောင်ကောင်ကျွန်း ကိုပါရိုက်ခတ်လာတယ်  မော်မော်ရဲ့ တပ်နီတော်တွေ ဟောင်ကောင်ကျွန်းကို နေ့လား ညလား သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေလဲ ပြန့်ပေါ့ဗျာနော့အဲ့ဒီလို သတင်းတွေ ကျယ်ပြန်လာလေ ဟောင်ကောင်ကျွန်းက သူဌေး/ကုန်သည်တွေဟာ 😁မော်စီတုန်းကို ကြောက်ပီး တစ်ခြားနိုင်ငံကို ထွက်ပြေးကုန်တယ်
         ပီးတော့ ထွက်မပြေးခင် သူတို့ရဲ့ စက်ရုံတွေ/ကုန်တိုက်တွေ/ဟိုတယ်ကြီးတွေ/ခြံဝင်ကျယ်ကြီးနဲ့ ဇိမ်ခံစံအိမ်ကြီးတွေ ဒါတွေကို အဆမတန်လျော့စျေးတွေနဲ့ ရောင်းပီး လစ်ကုန်တယ် မလစ်လို့လဲမရဘူးလေ တော်ကြာ မော်မော် ရဲ့ လက်ထဲရောက်ရင် လယ်ထွန်ရင်ထွန် မထွန်ရင် ထောင်ချခံနေရမှာလေ
        ထားပါတော့ အဲ့လို့ ဟောင်ကောင်မြို့ ပျက်လုမတတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက် လီကာရှင်း ဘာလုပ်တယ်ထင်လဲ အဲ့လိုမတန်တဆစျေးကျနေတဲ့ အိမ်ခြံမြေအဆောက်အဦးတွေထဲက နေရာအကောင်းဆုံး နဲ့ စျေးအနည်းဆုံးတွေကို စိတ်ကြိုက်ရွေးပြီး အများကြီး ဝယ်ထားလိုက်တယ်
     ပီးတော့ ဇာတ်လမ်းက သူမှန်းထားသလို ဟောင်ကောင်မြို့ရဲ့ အခြေအနေဟာ တည်ငြိမ်လာတယ် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လူပ်ရှား သက်ဝင်လာတော့ 😉ပြည်ပြေး သူဌေးတွေ ဟောင်ကောင်ကို ပြန်လာပီ လာတော့ မြေနေရာ စက်ရုံ အဆောက်အဦးတွေလိုပီလေ အဲ့မှာစတွေ့တာပဲ လီကာရှင်းနဲ့ စောစောက ပြောသလို ဟောင်ကောင်ပျက်ခါနီး အချိန်မှာ သူက မြေအမြောက်အများဝယ်ထားတော့ ဟောင်ကောင်ရဲ့စျေးကွက်ကို ချုပ်ကိုင်ထားနိုင်သူတစ်ယောက်ဖြစ်နေပီလေ လာထားအာဘွားပေါ့ စျေးကြီးကြီးနဲ့ ဆော်ပီ မဝယ်လဲမရ မြေစျေးကလဲ အဓိကနေရာတွေ လီကာရှင်းက ချုပိကိုင်ထားတော့ သူပြောတဲ့ စျေးနဲ့ဝယ်ရတာပေါ့
             လှလိုက်တဲ့အတွေးအခေါ်  ကြောက်စရာကြီး  မြေစျေးတွေကျနေတယ်/ဝယ်သူမရှိဘူး အဲ့အချိန်  သူက သူစိတ်ကြိုက်အကွက်တွေကို အနဲဆုံးစျေး အကောင်းဆုံးနေရာတွေ ပုံအောပီး သူဝယ်နိုင်သလောက်အကုန်ဝယ်တယ်
ဟောင်ကောင်မြို့ အခြေအနေပြန်ကောင်းလာတော့ game over ပေါ့ကွာနော့😃

Sai Li
Banmauk