"ဇလုံတောင် ရွှေရောင်လွှမ်းပုံ အဆင့်အဆင့်"
၂၀.၉.၂၀၁၈ ညနေခင်း မိုးတွင်းကာလမှာ ဇလုံတောင် ရွှေရောင်လွှမ်းပုံ အဆင့်ဆင့်ကို မိမိတို့နဲ့အတူ လိုက်ပါလာတဲ့ မှတ်တမ်းဆရာ ကိုအောင်နိုင်ဦး (တိုးဂို
က်) က အမိအရ မှတ်တမ်းတင်ထားခဲ့ပါတယ်။
ဗဟုသုတ ရှာမှီးလိုသူတွေ အတွက် လေ့လာစရာတစ်ခုပေါ့။
အဲဒီနေ့က ညနေ (၃:၄၅) ကနေ (၄-နာရီခွဲ) ထိ တောတောင်တစ်ဝိုက် မိုးသည်းထန်းစွာ ရွာသွန်းပါတယ်။ ၄- နာရီခွဲကနေ ၅ နာရီ မိနစ်၂၀-ထိ မြူထပါတယ်။ တောတောင်တစ်ခုလုံး မြူတွေ ဖုံးလွှမ်းခဲ့တယ်။
မိုးရွာပြီးတဲ့ ၄ နာရီခွဲ နောက်ပိုင်းမှာ နေရောင်သန်းပီး နေပူလာပြန်ပါတယ်။ နေရောင်နဲ့အတူ မြူတွေဟာ တစတစ ပျောက်ကွယ်ပါတယ်။ နေရာင်သမ်းပြီး မြူပျောက်ကွယ်ချိန်မှာ ဇလုံတောင်ဟာ ရွှေရောင်လွှမ်းပါတယ်။
အဲဒီအချိန်ကို အမိအရ စောင့်ဖမ်းပြီး မှတ်တမ်းတင်သူက မန္တလေးက ကိုအောင်နိုင်ဦးပါ။
(မှတ်ချက်) ဇလုံတောင်ရဲ့ အလေ့အထဟာ တောတောင်တစ်ဝိုက် ညနေခင်းမှာ မိုးရွာပြီး နေပြန်ပူရင် ရွှေရောင်လွှမ်းတတ်ပါတယ်။
ဖြစ်ပေါ်တတ်တဲ့ အချိန် ညနေ ၅ နာရီနဲ့ ၆ နာရီကြားပါ။
ရွှေရောင်လွှမ်းပုံ အဆင့်ဆင့်ကို အမိအရ မှတ်တမ်းတင်ပေးတဲ့ ကိုအောင်နိုင်ဦးကို အထူးအထူး ကျေးဇူးတင်လျက် - -
(ဘိုကိတ်)
ဆရာတော်ဘိုကိတ်ရဲ့မူရင်းLink:https://m.facebook.com/story.php?story_fbid=283547775579536&id=100017729463990
crd:ဆရာတော် ဘိုကိတ်&ကိုအောင်နိုင်ဦး
#sailib13