စော်ဘွားလေး(1)

စော်ဘွားလေးရဲ့အိမ်ခြံမြေရောင်းဝယ်ရေးwebsiteကိုလာလည်သူများအားလုံးရွှင်လန်းချမ်းမြေ့ပါစေဗျ

Tuesday, July 31, 2018

ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ် သတိပေး

ဆောက်လုပ်ရေးဝန်ကြီးဌာနကို 
ပြည်သူ့လွှတ်တော်ဥက္ကဌ 
ဦးတီခွန်မြတ် သတိပေး

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်နဝမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လမ်းပန်းဆက်သွယ်ရေးကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ဝန်ကြီးဌာနအနေဖြင့် တိတိကျကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က သတိပေး ပြောကြားခဲ့သည်။
ဇူလိုင် (၃၀)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကျောက်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၊ ရန်ကုန်ုတိုင်းဒေသကြီး ကျောက်တံတားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၊ ရွှေကူမဲဆန္ဒနယ် ဦးဇာနည်မင်း၊ ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်းတို့က လမ်းပန်းဆက်သွယ်ရေးကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ကြခြင်းဖြစ်သည်။ 

“ဒီကနေ့အစည်းအဝေးမှာ ကိုယ်စားလှယ်တွေက လမ်းပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေ အများဆုံး မေးမြန်းသွားကြတာကို တွေ့ရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ တိတိကျကျ ဆောင်ရွက်ပေးဖို့ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။ အဲဒါကြောင့် ဒီကိစ္စဟာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ ကိစ္စဖြစ်ပါသဖြင့် ဒီနေ့ တင်သွင်းသွားတဲ့ မေးခွန်း အဆိုပြုချက်တွေဟာ တိုင်းပြည်အတွက်လည်း အကျိုးရှိမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။ 

ရခိုင်ပြည်နယ် ကျောက်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ရခိုင်ပြည်နယ် မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် ဒေသကိုယ်စားပြု ဘက်စုံအဆောက်အဦး (Community Hall) များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိမေးခွန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြည်သူလူထု သွားလာမှု အဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများလျော့ပါးစေရန်အတွက် Innex Ring Road ပြုလုပ်ရန် အစီအစဉ်ကို မည်သို့စီမံကိန်းချပြီး ဆောင်ရွက်မည်ကို သိလိုသည့် မေးခွန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က မေးမြန်းခဲ့ကြောင်း သိရသည်။ 

အမြန်လမ်းများ၊ ပြည်နယ်ချင်းဆက်လမ်းများ၊ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းဟောင်းများ ပြင်ဆင်ရာတွင်လည်းကောင်း၊ လမ်းသစ်များဖောက်လုပ်ရာတွင် လည်းကောင်း နိုင်ငံတကာ အရည်အသွေးရှိ လမ်းများကဲ့သို့ စနစ်တကျရှိပြီး ကုန်ကျစရိတ်သက်သာစေရန် စသည့် လမ်းပိုင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရွှေကူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက မေးမြန်းခဲ့ကြောင်း သိရသည်။ 

#LyMoNews@NW

ထွန်း (နေပြည်တော်)

Monday, July 30, 2018

သရုပ်ဆောင် အောင်ရဲထွေးကိုသတ်ခဲ့တဲ့ တရားခံတွေကို လွှတ်ပေးဖို့ မီးစိမ်းပြတဲ့ တိုင်းဥပဒေချုပ် ဦးဟန်ထူး ။ သူ့ဇနီးက ဒေါ်ခင်ကြွယ်။ ဦးကိုနီကို သတ်ခဲ့တဲ့ ဇေယျာဖြိုးရဲ့ ဦးလေးတဲ့•••• KO KO LWIN စိုင်းခမ်းညို

သရုပ်ဆောင် အောင်ရဲထွေးကိုသတ်ခဲ့တဲ့ တရားခံတွေကို လွှတ်ပေးဖို့ မီးစိမ်းပြတဲ့ တိုင်းဥပဒေချုပ် ဦးဟန်ထူး ။ သူ့ဇနီးက ဒေါ်ခင်ကြွယ်။
ဦးကိုနီကို သတ်ခဲ့တဲ့ ဇေယျာဖြိုးရဲ့ ဦးလေးတဲ့••••

KO KO LWIN

စိုင်းခမ်းညို






Saturday, July 28, 2018

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ ဇလုံတောင် တောင်ခြေCBT&တောင်တက်ကားဂိတ်ရှေ့မြင်ကွင်း

          စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ ဇလုံတောင် CBTတောင်ခြေကားဂိတ်ရှေ့မြင်ကွင်းလေးနော်အရမ်းမိုက်တယ် လူစည်နေတာနော် သာယာချက် ပါမနီချောင်းလေးနဲ့CBTရယ် ဘုရားဖူးတွေပေါင်းစပ်လ်ုက်တော့ ကဗျာ တစ်ပုဒ် ပန်ချီကားတစ်ချပ် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်သွားတယ်😂စတာပါဗျာ
ဆြာတို့ ဘုရားဖူးရင်း စီးပွားရေးလုပ်ချင်တဲ့မိတ်ဆွေများ စီးပွားရေးလုပ်ငန်းရှင် သူဌေးများအတွက် မြေနေရာအကွက်ကောင်းလေးတွေရချင်ရင် ဆက်သွယ်နိုင်တယ်နော်
ကဲရာသီချိန်လဲစတော့မယ်နော်9/10လပိုင်းလောက်ဆိုစပါပီဗျ ဘုရားဖူးတွေနဲ့ဇလုံတောင်လမ်းတစ်လျှောက်ဈေးဆိုင်တွေနဲ့အဲ့လမ်းတစ်လျှောက်က ဘုရားဖူးတွေနဲ့ည12လောက်အထိကိုပ သွားလာနေကြတုံးဗျ
အရမ်းစည်တာ အခုပုံရိပ်တွေက3/4လပိုင်းကပုံရိပ်တွေဗျ အခုပြန်တင်ပေးတာပါ အခုကတော့ မြေသားလမ်းဖြစ်တဲ့အတွက်မိုးရာသီဆို သွားရတာခက်ခဲပါတယ် ဒါပေမဲ့ တစ်ချို့ဘုရားဖူးတွေတော့မိုးရာသီလဲတက်တာပဲ လုံးဝလေးစားတယ်ဗျ မိုးကာအကျီ င်္တွေဝတ် ပွိုင့်ဖိနပ်တွေစီးပီးတက်တာပဲ မိုးရာသီလဲသွားမယ်ဆိုတဲ့မိတ်ဆွေများလဲ ရာသီဥတုအခြေအနေလေးတွေလဲအားမနာပါနဲ့ဖုန်းဆက်ပီးမေးနိုင်ပါတယ်ဗျ 
ဖြေပေးပါမယ် အခုအချိန်ကတော့ တောင်တက်ကားဂိတ်က ခဏမိုးတွင်းအချိန်ရပ်နားထားပါတယ်ဗျ
9/10လပိုင်းလောက်ဆိုဖွင့်လောက်ပါတယ်ဗျ တောင်တက်ကားဂိတ်ဖွင့်ရင်လဲဘုရားဖူးတွေသိအောင်လို့တင်ပေးပါမယ်ဗျ

☎️09457000700

☎️0943031810

ဇလုံတောင်ခြေ CBTတောင်ခြေကားဂိတ်ရှေ့ပုံရိပ်များ

အရမ်းစည်တယ်နော် CBTတောင်ခြေ ကားဂိတ်
****************************************
     ⚜️ အခုပုံရိပ်တွေက မနှစ်က3/4လပိုင်းကပုံရိပ်တွေပါဗျ အရမ်းစည်တယ် ဘုရားဖူးတွေ တည်းခိုဖို့အခက်အခဲဖြစ်ခဲ့တယ် ဗန်းမောက်က တည်းခိုခန်းတွေ Hotel တွေပြည့်လို့ ဘုန်းကြီးကျောင်းတွေ
နီးစပ်ရာ အိမ်တွေအကုန်အပြည့် မြို့ထဲက ခန်းမဆောင်ကိုလဲ ဘုရားဖူးတွေအတွက်ဖွင့်ပေးလိုက်ရပါတယ်ဗျ ဒီနှစ်တော့ Hotel တွေတည်းခိုခန်းတွေ 
ရာသီချိန်အမှီတော့ဆောက်နေကြပါတယ်ဗျ
      ⚜️အဲ့မှာဈေးဆိုင်တန်းတွေ အမှတ်တရပစ္စည်းဆိုင်တွေ တောဆေးတောမြစ်ရောင်းတဲ့ဆိုင်တွေ 
ထမင်းဆိုင် အအေးဆိုင်တွေအစုံပါဗျ တောင်တက်ကားမစီးခင် ပါမနီချောင်းလေးမှာရေချိုးပီးမှလန်းလန်းဆန်းဆန်းနှင့်ဘုရားဖူးပေါ့ အဲ့ပါမနီချောင်းကတော့ သဘာဝကပေးတဲ့လက်ဆောင် ဘုရားကပေးတဲ့ဆုပေါ့ဗျ အရမ်းမိုက်တယ် သာယာတယ် ရေကခြေမျက်စိလောက်ပဲရှိတယ် နဲနဲလေးပြပြင်လိုက်ရင် အဲ့နေရာပိုလန်းသွားမယ်
   ⚜️ဒီနှစ်ဘယ်လိုလဲဆိုတာတော့9လပိုင်း10လပိုင်းလောက်ဆိုသိရပါပီ ဘုရားဖူးတွေက အခုအချိန်လဲလာနေတာပဲနော် အခုအချိန်ကလမ်းမကောင်းတေးပါဘူးဗျ လမ်းတွေပြင်ပီးတောင်တက်ကားဂိတ်ဖွင့်တဲ့အချိန်လဲပြန်တင်ပေးပါမယ် 9လပိုင်းလောက်ဆိုရင်ကိုဘ သွားနေကြပါပီ 
    ⚜️စစ်ကိုင်းတိုင်း ကသာခရိုင်ထဲက ဗန်းမောက်မြို့လေး ဇလုံတောင်ကြောင့် လူသိများလာပါပီဗျ 
ဘုရားဖူးတွေအလာများတဲ့အတွက် တည်ခိုဆောင်တွေ hotel တွေ စားသောက်ဆိုင်တွေအလုပ်ဖြစ်တယ်ဗျ မြေဈေးတွေလဲတက်ပဗျ  မြို့ထဲကဈေးတွေထက်မကဘူး ဇလုံတောင်လမ်းတစ်လျှောက်မြေဈေးတွေက ပိုပေးရတယ် ပေးရတာနဲ့တန်ပါတယ် တည်းခိုဆောင်တွေဆောက်မယ် hotelတွေဆောက်မယ် စားသောက်ဆိုင်တွေဖွင့်မယ် လာတဲ့ဘုရားဖူးတွေဆိုတာ အရမ်းများလွန်းတော့ တည်းခိုဆောင်တွေထပ်တိုးလဲလောက်တယ်ဆိုတာအခုတော့မရှိတေးဘူး 
   ⚜️ကဲဗျာ ဇလုံတောင်လမ်းတစ်လျှောက်အကွက်တွေဝယ်ထားမယ်ဆိုတဲ့သူဌေးတွေဆက်သွယ်နိုင်ပါတယ်ဗျ 
   ⚜️ရာသီချိန်မစခင်အကွက်ရှာထားရင်ကောင်းတယ်ဗျ ဘာလိုလဲဆိုတော့ ရာသီချိန်9/10လပိုင်းလောက်ဆို မြေငှားစားတာနဲ့တင်လယ်ပိုင်ရှင်တွေ အကွက်ပိုင်ရှင်တွေက အလုပ်ဖြစ်နေလို့ပါဗျ
သူဌေးအဖွဲ့တစ်ဖွဲ့ကတော့ ဇလုံတောင်လမ်းတစ်လျှောက်အကွက်တွေသိန်း1250ဖိုးဝယ်သွားပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်
    ⚜️ကဲဒီထက်ပိုက်ဆံများများရှာမယ်ဆိုတဲ့သူဌေးလောင်းတွေ ရှယ်မြေကွက်တွေရချင်ရင်တော့
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ
    ☎️09457000700
    ☎️0943031810i
#saileb13